Pages

Thursday, March 11, 2021

Memorial 93's


၉၃ ခုနှစ်ဟာ ကျွန်တော်တို့မျိုးဆက်သစ်အတွက်အများကြီး ချကျွေးခဲ့တဲ့ခုနှစ်။
ရော့ခ်ဂီတ အသစ်တွေပေါ်လာတယ်..
မော်ဒန်ကဗျာတွေ မော်ဒန်ဝတ္ထုတွေ အရေးအသားဆိုင်ရာငြင်းခုံမှုတွေ ထင်ရှားလာတယ်..
ဆရာဇော်ဇော်အောင် နဲ့ သစ္စာနီ တို့ရဲ့ရပ်တည်မှုကို သတိထား စုံမက်တတ်လာတယ်။
နေမျိုး ကြိုက်တယ်။ တာရာမင်းဝေ ကြိုက်တယ်။
လူငယ်တို့၏ ရွှေခေတ်သို့လို့ အလံထူခဲ့တဲ့ သရဖူမဂ္ဂဇင်း ရှိခဲ့တယ် (မော်ဒန်စာပေရဲ့ တပ်ဦးတစ်ခု)..
"""ချယ်ရီပင်အောက် နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိ..
သူငယ်ချင်းလို့ပြောပေမယ့် ..... စွန့်စားမယ်ကိုယ့်အချစ်ရေ..
နာကျင်လေသော နှလုံးသားမှာ ခံစားချက်တို့ ရှိပါတယ်..
အိမ်နံဘေးက သစ်ပင်မှာ ငှက်ဆိုးထိုးသံတွေ ကြားရတဲ့အချိန်တိုင်းဝယ်.. ပန်းပွင့်လေးတွေ ခုန်ဆင်း ရေတံခွန်လေးလည်း ပျက်ယွင်း..
ကြယ်တံခွန်အချစ်လေးရေ.. အို အဝေး..
ဆင်မြှီးကွင်းလက်စွပ်လို အဆင်းမလှတဲ့ဘဝကို ထားခဲ့ပြီလား..
လွယ်လွယ်လေး ချစ်သူရေ အကောင်းဆုံး လမ်းခွဲကြမယ်လေ"""...
အဲဒီလို စကားပြေဆန်ဆန်
ကဗျာဆန်ဆန် သမာရိုးကျ ကြားနေကျ
သီချင်းတွေကြားကနေ
ထိုးဖောက်ထွက်လာတဲ့ စကားလုံးအဆန်းကြီးတွေ..
ရော့ခ်ဂီတ တစ်ခေတ်ဆန်းချိန်...
ထူးမခြားနား ငြီးငွေ့စရာဂီတလောကကြီး နိုင်ငံခြားသံစဉ် အဆာသွပ်တွေနဲ့ ရိုက်ဖျက်ချိုးထွက်ခဲ့တဲ့ကာလ..
ဘဝရဲ့မိုင်တိုင်တွေကြားမှာ ထင်ရှားပီပြင်စွာ ကမ္ဗည်းထိုးကျန်ခဲ့တဲ့နေ့စွဲတွေနဲ့ အမှတ်တရတွေနဲ့..
"ညရဲ့ဆူး".. တဲ့
ကက်ဆက် စပီကာထဲက ကျစ်လစ်မာကြောစွာ စည်းချက်ကျကျ ထွက်လာတဲ့ ဂစ်တာ vamp ရိုက်ချက်တွေနဲ့အတူ..
"ည အသစ်နဲ့အဟောင်း တလှည့်စီ ရှုံးနိမ့်ရင်း အရုဏ်မလာခင် ကြိုတင် ဝမ်းနည်းမိ"..
"တဆစ်ဆစ် ကိုက်ခဲနေ ဒီလိုည အပြာရောင်ဟာ ငြိမ်းချမ်းခြင်းမဲ့ c'mon baby ဘယ်လိုလုပ်ရမလဲ"..
"ည".. တဲ့
"အိပ်မက်လား ရမ်းယောင်ပြီးတော့ စမ်းနေမိတယ် ငါ့နံဘေး မင်းမရှိဘူး.. နဂါးငွေ့တန်းရဲ့ အရိပ်တွေ မင်းရဲ့ကောက်ကြောင်းတွေလား.. ထွက်ပေါက်တွေ မရှိဘူး.. လရိပ်ရောင်စီး..
ကြေကွဲစရာ လရဲ့အရိပ်က အေးခဲစွာ ငါ့ကို ကျွမ်းနေပြီ"..
"မောပန်းနေပြီ"... တဲ့
"လောကကြီးရဲ့ လှည့်ကွက်များ.. ကျောင်းသားသစ်တစ်ယောက်အတွက် သိပ်ခက်ခဲ.. အဖြေမှန်ကို ရှာနိုင်မယ် မင်းထင်နေသလား..
ရိုးသားသေးလား.. ဒါဆိုမင်းမသိနိုင်ဘူး..
ငါလေမောတယ်..(မောတယ်)"..
"ဒွိဟ စိတ်များ".. တဲ့
"ရုပ်ဝတ္ထုကို အားပြု.. ဘာတွေ ဖြစ်ကြမလဲ..
ချစ်ခြင်းမေတ္တာတရားများ.. စိတ်ညစ်တယ် အကြိမ်တစ်ရာ မှားနေရဲ့ပြတင်းပေါက်တံခါးတွေ ပိတ်ပါ.. မင်းအတွက် အကောင်းဆုံးပဲ..
လမ်းစသစ်တစ်ခုတွေ့ရှိဖို့ရာ အဟောင်းတွေရှိနေခဲ့..
ကိုယ့်စိတ်ထဲ.. ကိုယ့်စိတ်ထဲ..
ကိုယ့်စိတ်ထဲ.. အို.. ဒွိဟဖြစ်နေ..
အကောင်းဆုံး မင်းကိုပေးဖို့ စိတ်တွေ ဒွိဟဖြစ်နေတယ်
စီးကရက်တစ်လိပ်ကို မီးငြှိရင်း စဉ်းစား..
အဲ့ဒါ အမှန်တရားပဲ။"...
"ရော့ခ်အန်ရိုးနတ်သမီး".. တဲ့
"အမြဲတမ်းနှောင့်ယှက်တာ ဘာကြောင့်လဲ
ကိုယ့်ရင်ထဲ မင်းရှိရင် အိပ်လို့မရ.. စကားလုံးတွေ မေ့လို့..
ဆွံ့အ ကျွန်တော်ရင်ခုန်
အဖျားရောဂါတစ်ခုဟာ ထူးဆန်းစွာ ရောက်ရှိ.. ဖမ်းစားလို့ထား..
ကက်ဆက်ခလုတ်ဖွင့်ရင်း ဇောချွေးများကျလာတယ်..
သွေးကြောထဲအထိရောက်လာ တေးသွားရဲ့ သံစဉ်များ..
မြူးကြွတဲ့သူ့ရဲ့အချစ်သီချင်း.. လေဟာနယ်ထဲရောက်နေတယ်
ကြိုးများနဲ့ တန်းလန်းရစ်ချည်ပြီး..
ကျွန်တော့် Rock 'n Roll နတ်သမီး"..
"အိပ်ရာအောက်က သီချင်းတစ်ပုဒ်".. တဲ့
"အပြာဆုံး အရောင်များ.. မှောင်မိုက်ခြင်းရဲ့ညတစ်ခုထဲ
အသံမဲ့သီချင်း ကိုယ်ကြား..
အိပ်ရာအောက်က သီချင်းတစ်ပုဒ်။
အချိုဆုံး ရင်ခုန်ခြင်း နာရီချောက်ချက်သံ ပူပန်ဆဲ
သန်းခေါင်ယံကြား မရပ်နား
အိပ်စက်ခြင်း မရှိတဲ့ သီချင်းတစ်ပုဒ်။"
ကျွန်တော်တို့အတွက်တော့
ရင်ခုန်သံနဲ့ တစ်ထပ်တည်းကျခဲ့တဲ့ စာသားတွေ သံစဉ်တွေ..
စသည်ဖြင့်... စသည်ဖြင့်....

 

1 comment:

  1. အားပေးနေပါတယ်ခင်ဗျာ

    ReplyDelete